အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့် သင့်ဖြစ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တောင်ကြီးမြို့က ဒေသခံ လူထုနဲ့ တွေ့ဆုံစဉ် Photo: Khun Yarzar/RFA

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြော ကြားခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဖိအားတွေ မရှိဖို့လိုအပ်ကြောင်းနဲ့ ဖိအားတွေရှိနေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲကြောင်း လည်း ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေ ၄ဝဝ လောက် တက်ရောက်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တောင်ကြီးမြို့ကနေ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာရှိတဲ့ တပ်မတော် ကွန်ပျူတာကောလိပ်ကို သွားရောက်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org