အကျဉ်းသား ၁၇၀ နီးပါးကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUG ထုတ်ပြန်

NUG ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းခွင့်ပြုပါတယ်။

ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိ MOGE ရေနံမှော်ကင်းစခန်းအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို NUG မှ ထုတ်ပြန်ခဲ့စဉ်။ Ministry of Defence - National Unity Government of Myanmar Photo

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ဇန်နဝါရီလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နှစ်သစ်ကူးကာလမှာ နွေးဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတာလို့ ဆိုပါတယ်။

သူတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်စည်းကမ်းချက်တွေ မထားဘဲ လွတ်ငြိမ်းခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ ဘယ်လိုအခြေအနေတွေကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချခံရသူတွေလဲဆိုတာ NUG က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာရှိသလို NUG ထိန်းချုပ်ဒေသတွေမှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးပြစ်ဒဏ်ပေးတာရှိတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့ကြောင့် အခုလွတ်ငြိမ်းခွင့်ပြုတဲ့အထဲ သာမန်ရာဇဝတ်မှု ကျူးလွန်သူတွေ ပါလာနိုင်တယ်လို့ ဆိုပါတယ်။

လွတ်ငြိမ်းခွင့်မှာ မပါဝင်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို သူတို့ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံကို လျှော့ပေါ့သက်သာခွင့် ပေးလိုက်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org