တပ်ပိုင်းဆိုင်ရာကိစ္စ တိုင်းရင်း သားခေါင်းဆောင်တွေ ဆက်လက်ဆွေးနွေး
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးပွဲမှာ တပ်ပိုင်း ဆိုင်ရာကိစ္စတွေဖြစ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာကျင့်သုံး ရမယ့် စည်းကမ်းတွေကို ဒီနေ့ ဆွေးနွေးခဲ့ပြီး မပြီးပြတ်သေးကြောင်း နှစ်ဖက်ခေါင်းဆောင်တွေက ပြော ပါတယ်။
-
2015-03-18 -
-
-
Your browser doesn’t support HTML5 audio
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ဖို့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေဖြစ်တဲ့ နှစ်ဖက် တပ်တွေ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေကို ဒီနေ့ ဆွေးနွေးခဲ့ပြီး မပြီးပြတ်သေးကြောင်း နှစ်ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒုတိယနေ့ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဒီနေ့ဆွေးနွေးပွဲ အကြောင်း ရှင်းပြခဲ့ပါတယ်။
"ဒီနေ့ကျနော်တို့ ဒုတိယမူကြမ်းမှာပါတဲ့အချက် တချို့တပ်ပိုင်းဆိုင်ရာကိစ္စ၊ ဒါကို ကျနော်တို့ အလုပ် အဖွဲ့အဖြစ်ဆွေးနွေးပြီးတော့ မူနဲ့ဆိုင်တဲ့ကိစ္စတွေ ကြားမှာ NCA လဲပြန်စစ်ရမယ်၊ ဒါမှလဲ NCA တစ်စောင်လုံးကျနော်တို့ရမှာပေါ့၊ ဒီနေ့ညှိနှိုင်းမူဟာ နှစ်ဘက် စလုံးကတစ်ကယ့်ကို နားလည်မှုရှိရှိညှိနှိုင်းတဲ့အပေါ်မှာ ကျနော်တို့က အချက်တော်တော်များများကို သဘော တူပြီးတော့ NCA ထဲပြန်ထည့်နိုင်မယ့် အနေအထားရှိပါတယ်"
မနေ့က ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ နောက်ဆုံးဆွေးနွေးပွဲဖြစ်နိုင်ပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်သဘောတူညီချက်ရနိုင်မယ် လို့ မျှော်လင့်နေကြပါတယ်။
ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က လေ့လာသူ အဖြစ် တက်ရောက်သလို ကုလသမဂ္ဂ အထူးအကြံ ပေးအရာရှိ Vijay Nambia လည်း တက်ရောက်ခဲ့ပြီး တပ်တော် ဘက်က ဗိုလ်ချုပ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၅ ဦးတက်ရောက်ခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးမှုအခြေအနေတွေနဲ့ပတ်သက်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။