ရခိုင်ပြည်နယ် ရထားလမ်းဖောက်ရာမှာ ရှေးအဆောက်အအုံများ ပျက်စီးဖွယ်
ရန်ကုန် စစ်တွေ ရထားလမ်း ဖောက်လုပ်ဖို့ ဆိုပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေက ရှေးဟောင်း အဆောက်အအုံတွေကို အာဏာပိုင်တွေက နိုဝင်ဘာလဆန်းကစပြီး အကြီးစား စက်တွေ သုံးပြီး ဖျက်ဆီးတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေက တားမြစ်နိုင်ဖို့ စီစဉ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2010-11-17 -
-
-
Your browser doesn’t support HTML5 audio
ရထားလမ်းအတွက် လမ်းအူကြောင်း ဖောက်မဲ့နေရာမှာ ရှေးဟောင်းဘုရား ခြောက်ဆူလောက် ပါနေတဲ့အတွက် ဘုရားတွေကို မဖြိုဖို့ရခိုင် ဒေသခံတွေက ဒီကနေ့မှာ လက်မှတ်ထိုးပြီး သက်ဆိုင်ရာကို ကန့်ကွက်စာတင်မယ်လို့ ဒေသခံတဦးကပြောပါတယ်။
စစ်အစိုးရ ဖောက်လုပ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ရထားလမ်းဟာ ၂၅၇ မိုင် ရှည်လျားပြီး မင်းဘူးမြို့ကနေ ကြားခံဆက်သွယ်မှာ ဖြစ်ပါတယ်။
ရထားလမ်းအတွက် လမ်းအူကြောင်း ဖောက်မဲ့နေရာမှာ မြောက်ဦး-ကျောက်တော် ၂၃ မိုင် လမ်းပိုင်းမှာ ပါဝင်ပြီး ရဲလှဘုရား-ရဲလှတံခါး စတာတွေအပြင် ရှေးဟောင်း ခံတပ် အချို့ပါ ပါ ဝင်နေတယ်လို့ ဒေသခံများထံမှ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသမှာ လွန်ခဲ့တဲ့ ၁၅ ရာစုနဲ့ ၁၆ ရာစု လက်ထက်က တည်ထားခဲ့တဲ့ ရှေးဟောင်းဘုရား ပုထိုးပေါင်း ၆၀ ခန့် ရှိပြီး ကမ္ဘာလှည့် ခရီးသည်တွေ နှစ်သက်တဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားဒေသတခု ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပထဆုံး မီးရထားလမ်းကို စစ်တွေ ပြည်တော်သာဘူတာနှင့် ရေချမ်းပြင်ဘူတာ ၁၁-၄၆ မိုင် အရှည်ကို ၂၀၀၉ ခုနစ် မေလတွင်းက စတင် ဖွင့်လှစ်ခဲ့ ပြီး ၂၅၇ မိုင်အကွာ မင်းဘူး-စစ်တွေ ရထားလမ်းကို ဆက်လက် အကောင်အထည်ဖော်လျက် ရှိပါတယ်။
ဒီအကြောင်း RFA မှ မခင်ခင်အိက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လေ့လာ ဆောင်ရွက်နေသူ ဒေသခံတဦးကို အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |