နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ရက္ခိုင့်တပ်မတော် တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရက္ခိုင့် တပ်မတော် AA အဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ဖို့သဘောထား ကြေညာချက် တစ်စောင် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ဖို့သဘောထား ကြေညာချက် တစ်စောင် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းဟာလည်း အစိုးရအဆက် ဆက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့လို့ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက ခုလိုပြောပါတယ်။

"အခုလက်ရှိ ဗမာပြည်တစ်ခုလုံးပေါ့နော် ဗမာပြည်တစ်ခုလုံးမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ တိုင်းရင်းသားတွေရဲ့ တန်းတူရည်မျှပြဌာန်းခွင့် ပြီးတော့ လူတစ်ယောက်ချင်းစီရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိတ်သုဉ်းမှုတွေအပေါ်မှာ အခြေခံပြီးဖြစ်လာတယ်၊ အဲ့ဒါတွေ ကိုဖြေရှင်းနိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှာ အကုန်လုံးပါဝင်ဖို့လိုတယ်၊ ပြီးရင် မဆိုင်တဲ့အရပ်ဘက် ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ ထိခိုက်တဲ့ သူတွေကို ပံ့ပိုးကူညီကြဖို့ အဲ့ဒါကိုရည်ရွယ်ပါတယ်ခင်ဗျ"

ဒါ့အပြင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း လက်ကိုင်အဖွဲ့အစည်းတွေကျင့်သုံးရမယ့် ကျင့်ဝတ်နဲ့ စစ်ဆင်ရေး ဆိုင်ရာ စည်းကမ်းတွေကို မဖောက်ဖျက်ဖို့၊ ဖောက်ဖျက်သူတွေကို အရေးယူဖို့လည်း တောင်းဆိုထားပါတယ်။

အမှန်တကယ်အားဖြင့် မြန်မာပြည်မှာ နှစ်ပေါင်း ၇ဝ ကျော်ကြာ ပြည်တွင်းစစ်သံသရာ အဆုံးသတ်နိုင်ရေးအတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖေါ်ဆောင်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ အလေးအနက်တိုက်တွန်းထားပါတယ်။

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org