ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ANP တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက မနေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင် အမျိုးသားပါတီ ANP က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင်အမျိုးသား ပါတီ(ANP)ရဲ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ် .

နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက မနေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီကော်မရှင်ဟာ မြန်မာဌာနေ တိုင်းရင်းသားအားလုံးရဲ့ မူလအခွင့်အရေးတွေကို ထိခိုက်ဆုံးရှုံးစေရာ ရောက်နေ သလို နိုင်ငံရဲ့အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ရခိုင်အမျိုးသား ပါတီ ANP က ရှုမြင်ကြောင်း ရေးသားထားပါတယ်။

အစိုးရရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ရခိုင်တို့ရဲ့ နောက်ခံသမိုင်းနဲ့ ဖြစ်တည်မှုကို နားလည်နိုင် စွမ်းမရှိတဲ့ နိုင်ငံတကာက ပုဂ္ဂိုလ် ၃ ဦး ပါဝင်နေတာကို ကန့်ကွက်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခံယူသူတွေရဲ့ ပင်ရင်းနိုင်ငံနဲ့ နောက်ခံအကြောင်း အရာ အပါအဝင် နိုင်ငံတကာဆက်နွယ်မှုအချို့ကို သုံးသပ်သွားမယ်ဆိုတဲ့အချက်ဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို လုံးဝမျက်ကွယ်ပြုရာရောက်ကြောင်းနဲ့ ANP ပါတီအနေနဲ့ ကော်မရှင်ရဲ့လုပ်ငန်းတွေကို စိုးရိမ်ပြီး အယုံအကြည်မရှိကြောင်းလည်း ပါရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာနက မနေ့က ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org