ရခိုင်အမျိုးသားပါတီ ANP ပထမဆုံးအကြိမ်ညီလာခံ ကျင်းပမည်

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို လာမယ့် မေလ ၃ဝ နဲ့ ၃၁ ရက်နေ့ စစ်တွေမြို့မှာ ကျင်းပသွားဖို့ ပါတီဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို လာမယ့် မေလ ၃ဝ နဲ့ ၃၁ ရက်နေ့ စစ်တွေမြို့မှာ ကျင်းပသွားဖို့ ပါတီဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ဧပြီလ ၂၅ နဲ့ ၂၆ နှစ်ရက်တာကျင်းပတဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာပါ။

ဒီညီလာခံမှာ ဒေါက်တာအေးမောင်အပါအဝင် ပါတီကနေ နှုတ်ထွက်ခွင့်တင်ပြထားသူတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်သွားမှာဖြစ်သလို ပါတီရဲ့ဖွဲ့စည်းပုံကိုပါ ပြန်ပြင်သွားဖို့ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က RFA ကိုပြောပါတယ်။

၂၀၁၄ ခုနှစ်က ရခိုင်အမျိုးသားပါတီ ANP အဖြစ်နဲ့ စတင်ပေါ်ပေါက်လာချိန်ကစပြီး အချိန် ၅ နှစ်လောက်အတွင်းမှာ ပထမဆုံးကျင်းပမယ့် ပါတီညီလာခံတစ်ခုလည်းဖြစ်ပါတယ်။

ပါတီညီလာခံကျင်းပမယ့် နေ့ရက်ကိုသတ်မှတ်ထားပေမယ့် စစ်တွေမြို့ ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဦးထွန်းအောင်ကျော်ကပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org