ဒုက္ခသည်တွေအတွက် ဒေါ်လာ ၃၂ သန်းနီးပါး အမေရိကန် ကူညီမည်

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

စစ်တွေမြို့မှာ ခိုလှုံနေတဲ့ ရခိုင်ဒုက္ခသည်တွေကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာ ပါတယ်။

သမ္မတ Trump အစိုးရ လက်ထက်မှာ ဒုက္ခသည်တွေအတွက် ပထမဆုံးအကြိမ် အကူအညီ အများအပြား ပေးအပ်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော၊ ရခိုင်ပြည်နယ်အတွင်းမှာပဲ အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကိုပါ အကူအညီပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ ညီလာခံမှာ ကြေညာခဲ့တာပါ။

အမေရိကန်အစိုးရဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ စုစုပေါင်း ဒေါ်လာ ၉၅ သန်းနီးပါးရှိသွားပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org