အမေရိကန်သံရုံး ဗုဒ္ဓပန်းချီကားကိစ္စ မကွေးကျောင်းတိုက် ဆရာတော် တရားစွဲမည်

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်မှာဖော်ပြခဲ့တဲ့ ဓာတ်ပုံပန်းချီကားနဲ့ ပတ်သက်ပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အမေရိကန်သံအမတ်၊ ပန်းချီကား မူရင်းရေးဆွဲသူနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့သူတို့ကို တရားစွဲဆိုမယ်လို့ RFA ကို မိန့်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ဖေ့စ်ဘွတ်မှာ ၂ဝ၁၉ ဇူလိုင်၂၆ ရက်နေ့က ဖော်ပြခဲ့တဲ့ပန်းချီကားကို တွေ့ရစဉ် Photo: us embassy -facebook

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်မှာဖော်ပြခဲ့တဲ့ ဓာတ်ပုံပန်းချီကားနဲ့ ပတ်သက်ပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အမေရိကန်သံအမတ်၊ ပန်းချီကားမူရင်းရေးဆွဲသူနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့သူတို့ကို တရားစွဲဆိုမယ်လို့ RFA ကို မိန့်ပါတယ်။

ဇူလိုင်၂၆ ရက်နေ့က အမေရိကန်သံရုံးကကျင်းပတဲ့ ပန်းချီပြပွဲမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့ပုံမှာ ဓါတ်ငွေ့ကာ မျက်နှာဖုံး တပ်ထားတဲ့ပုံတစ်ပုံ ပါဝင်ခဲ့ပါတယ်။ အဲဒီပန်းချီကားနဲ့ပတ်သက်ပြီး သူတို့ သုံးဦးကို သာသနာတော် ညှိုနွမ်းစေမှုနဲ့ သြဂုတ်လ ၁ ရက် ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ပန်းချီကားထဲက မျက်နှာဖုံးဟာ အသက်ရှူကိရိယာလို့ ဆိုပေမယ့် အောက်မှာဝတ်ဆင်ထားတဲ့အဝတ်က မာတုကာမတွေဝတ်တဲ့ အဆင်တန်ဆာနဲ့ တူတဲ့အတွက်၊  မြန်မာနိုင်ငံသူနိုင်ငံသား ၈၆ ရာခိုင်နှုန်း ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင်လုပ်တာကြောင့် တရားစွဲဆိုတာဖြစ်တယ်လို့ ဦးပါမောက္ခက မိန့်ပါတယ်။

အဲဒီပုံကို ဖေ့စ်ဘွတ်သုံးစွဲသူအများစုက ကန့်ကွက်တဲ့စာတွေ ရေးသားခဲ့တာကြောင့် အမေရိကန်သံရုံးက ၂၇ ရက်နေ့က ပြန်ဖြုတ်သွားခဲ့ပါတယ်။ ပန်းချီပြပွဲရဲ့ရည်ရွယ်ချက်က လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားဖော်ပြခြင်းဖြစ်ကြောင်း၊  သံရုံးအနေနဲ့ ဘာသာပေါင်းစုံအပေါ်မှာ လေးစားမှုရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org