AI က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ဆု ပြန်ရုပ်သိမ်း
Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award ခေါ် လူ့အခွင့်အရေးဆု ကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။
-
2018-11-12 -

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင်ကထားရှိခဲ့တဲ့ ယုံကြည်ချက် အတွေးအခေါ် တန်ဖိုးတွေအပေါ် သစ္စာဖောက်ဖျက်ခဲ့တဲ့အတွက် ပြန်လည် ရုပ်သိမ်းတာဖြစ်တယ်လို့ AI ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့က AI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကုမိနိုင်ဒူး က ၂ဝဝ၉ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ အဲဒီဆုကို ပြန်ရုပ်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီ စာရေး အကြောင်းကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ အကြမ်းဖက် ဖိနှိပ်ခံနေရတာနဲ့ ကချင် နဲ့ ရှမ်းပြည်တွေမှာ ဒေသခံတွေ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး သြဇာတွေကို အသုံးမပြုဘဲ နှုတ်ဆိတ်နေခဲ့တဲ့အတွက် လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။