ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ နယူးယောက်မှာ AI လှုပ်ရှား
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံမှာ လူအများအပြားသတ်မှုအတွက် အလိုရှိသည်ဆိုတဲ့ စာတမ်းထိုးပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီလ ၂၄ ရက်ညက ကြီးမှူး လှုပ်ရှားခဲ့ပါတယ်။
-
2018-09-25 -

မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဒီသီတင်းပတ်မှာ ၇၃ ကြိမ်မြောက် UNGA ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန်မှာ ခုလို လှုပ်ရှားတာလည်း ဖြစ်ပါတယ်။
နယူးယောက်မြို့တဝိုက်က အထင်ကရ နေရာတွေအပါအဝင် နေရာ ၃၀ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလိုရှိသည်ဆိုတဲ့ ပိုစတာတွေကို AI က ကပ်ခဲ့ပါတယ်။ ဒါ့အပြင် ထရပ်ကားတွေမှာ အလားတူ ပိုစတာတွေကပ်ပြီး နယူးယောက်မြို့တွင်း လှည့်လည်နေပါတယ်။
လူ ထောင်သောင်းချီလို့ နေအိမ်တွေက ထွက်ပြေးရအောင် မြန်မာတပ်က လူသတ်၊ မုဒိန်းကျင့်၊ ညှဉ်းပန်း၊ ရွာကို မီးရှို့တဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေမှာ သူဟာ ထိပ်ဆုံးက အမိန့်ပေးသူဖြစ်တယ်လို့ AI အတွင်းရေးမှူးချုပ် Humi Naidoo က ပြောပါတယ်။
ဒီလို ကျူးလွန်တာတွေကို ကြီးကြပ်သူဖြစ်ပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာက အာရုံစူးစိုက် ခံရတာနဲ့ ဒီအမှုအတွက် ပေါ်ပေါ်လွင်လွင် ရှိနေရမယ့်နေရာကနေ လွတ်အောင် ကာလကြာမြင့်စွာ စီမံပြီးနေနိုင်တယ်လို့လည်း ဆိုပါတယ်။
ခုတော့ ဒီလို ရက်စက်တဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိတာကို ဖော်ထုတ်ဖို့ အချိန်ကျရောက်ပါပြီလို့ AI အတွင်းရေးမှူးချုပ် Humi Naidoo က ပြောပါတယ်။