မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ADB က ဒေါ်လာသန်း ၆၀ ချေးမည်

မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB က အမေရိကန်ဒေါ်လာ သန်း ၆၀ ကူညီ ချေးငှားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB က အမေရိကန်ဒေါ်လာ သန်း ၆၀ ကူညီ ချေးငှားမယ်လို့ သိရပါတယ်။

အဲဒီချေးငှားငွေဟာ မြန်မာနိုင်ငံနဲ့ ADB ပြန်လည်ဆက်ဆံပြီးတဲ့နောက် ပထမဆုံးအကြိမ်ချေးငှားတဲ့ စီမံကိန်းချေးငွေဖြစ်ပါတယ်။ ဒီချေးငွေနဲ့ မြန်မာနိုင်ငံ ဒေသလေးခုက အိမ်ထောင်စု လေးသိန်းရှစ်သောင်းလောက်ကို လျှပ်စစ်ဓါတ်အား သွယ်တန်းပေးနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီဒေသတွေမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေ ပါဝင်ပါတယ်။

ADB ရဲ့ချေးငွေကို မြန်မာနိုင်ငံအတွင်း ဓါတ်အားလိုင်းသွယ်တန်းရေးကွန်ရက် အဆင့်မြင့်မားရေးအတွက် သုံးစွဲမှာဖြစ်ပြီး၊ ဓါတ်အားလိုင်းတွေကနေ လျှပ်စစ်ဓါတ်အား ပို့လွှတ်နေစဉ်အတွင်း ဓါတ်အားဆုံးရံှုးမှုပမာဏ လျှော့နည်းအောင် အဆင့်မြှင့်ပေးမယ့် နည်းစနစ်တွေသုံးစွဲဖို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org