နိုင်ငံရေးအကျဉ်းသား စာရင်း AAPP ထုတ်ပြန်

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅၇၂ ဦး ရှိတဲ့အထဲက ၉၁၈ ဦး ကျခံ နေရတဲ့ အကျဉ်းထောင်တွေကို အတိ အကျ ပြောနိုင်ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP) (Photo: AAPP)

မိမိတို့အနေနဲ့ ဆက်လက် စိစစ်နေဆဲ ဖြစ်ပြီး တွေ့ရှိချက်တွေကို ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့လည်း AAPP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က နိုင်ငံရေး ပုဒ်မနဲ့ ထောင်ကျသူ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ကူညီလို့ ထောင်ကျသူ၊ နိုင်ငံရေး လှုပ်ရှားလို့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရပြီး ထောင်ကျသူ၊ ဖောက်ခွဲရေးမလုပ်ဘဲ မတရား စွပ်စွဲခံရပြီး ထောင်ကျသူတွေနဲ့ ရှမ်းပြည်နယ်မှာ စစ်အတွင်း ဖမ်းဆီး ထောင်ချခံရတဲ့ ရွာသားတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကြေညာချက်ထဲမှာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားလို့ တရားဝင် အသိအမှတ်ပြုထားသူ စာရင်းကို နာမည်နဲ့တကွ ထုတ်ပြန်ပေးဖို့၊ ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကျဉ်းထောင်တွေ အတွင်း ဝင်ခွင့်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးမင်းက စုစည်းတင်ပြထား ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org