ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ရန်ကုန်ရောက် AAPP နဲ့ ကြက်ခြေနီ တို့ ဆွေးနွေး
မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ကိုယ်စားလှယ် ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ရန်ကုန်မြို့အခြေစိုက် ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရုံးတာဝန်ခံတွေနဲ့ ဒီနေ့တွေ့ဆုံပြီး အကျဉ်းထောင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
2013-01-10 -
-
-
AAPP ကိုယ်စားလှယ်တွေဟာ မနေ့တုန်းကလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့တာဝန်ခံတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးနိုင်းနိုင်း၊ ဒေါ်လဲ့လဲ့တို့နဲ့ တွေ့ဆုံပြီး ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို နှစ်ဖွဲ့တိုက်ဆိုင်စစ်ဆေးကြပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးနဲ့ သူတို့သားသမီးတွေ ပညာသင်ထောက်ပံ့ရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ AAPP အတွင်းရေးမှုး ကိုတိတ်နိုင် က RFA ကိုပြောပါတယ်။
မနက်ဖြန်မှာတော့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ်လို့သိရပါတယ်။