တစ်လအတွင်း အရပ်သား ၈၀ ကျော် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက သေဆုံးသူ ၁၅ ဦးစီနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၁၂ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်း အရပ်သား ၈၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း အမျိုးသမီး ၂၄ ဦးနဲ့ အမျိုးသား ၆၀ ဦး စုစုးပေါင်း ၈၄ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ငါးဦးနဲ့ အသက် ၆၀ အထက် သတ်ဖြတ်ခံရသူ ရှစ်ဦးပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက သေဆုံးသူ ၁၅ ဦးစီနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၁၂ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးတာ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ ဒုတိယအများဆုံးဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဇူလိုင်လ ၃၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ငါးထောင်ကျော် (၅,၄၆၇) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၇,၁၂၅ ကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org