အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံထားရစဉ် အသတ်ခံရသူ ၁၂၀၀ ကျော်ရှိ

စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလကနေ ၂ဝ၂၃ ဇွန်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်အတွင်း သတ်ဖြတ်ခံရသူ ၁၂၈၄ ဦးရှိတယ်လို့ AAPP က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံးခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်ကို တွေ့ရစဉ်။ Ko Myo Kyaw Facebook

စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလကနေ ၂ဝ၂၃ ဇွန်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်အတွင်း သတ်ဖြတ်ခံရသူ ၁,၂၈၄ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။

AAPP စာရင်းအရ စစ်ကြောရေးမှာဖြစ်စေ၊ ထောင်အတွင်းမှာဖြစ်စေ၊ စစ်တန်းလျားမှာဖြစ်စေ၊ ပြင်ပတစ်နေရာမှာဖြစ်စေ ဖမ်းဆီးထိန်းသိမ်းခံထားရချိန် သေဆုံးရသူ အရေအတွက်ဖြစ်ပါတယ်။

ဖမ်းခံထားရချိန်အတွင်း သေဆုံးသူတွေထဲမှာ လွှတ်တော်အမတ်တွေ၊ သတင်းသမားတွေနဲ့ နိုင်ငံရေးသမားတွေအပြင် သာမန်ပြည်သူတွေလည်း ပါဝင်ပါတယ်။

အာဏာသိမ်းတဲ့အချိန်ကနေ ၂ဝ၂၃ ဇွန်လကုန်အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂၃,၆၅၁ ဦးရှိပြီး ၁၉,၂၉၅ ဦးကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲပဲလို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၄,၇၂၀ ဦးရှိပြီး အဲဒီထဲမှာ ၃,၆၄၆ ဦးက ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

ကလေးသူငယ် ၆၂၅ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး လက်ရှိ ၅၀၈ ဦးကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၃ ဇွန်လကုန်အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃,၇၃၆ ဦးရှိပြီး အမျိုးသမီး ငါးရာကျော်နဲ့ ကလေးသူငယ် လေးရာကျော် ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org