၆ ပွင့်ဆိုင် တွေ့ဆုံရေးဆုံးဖြတ်ချက် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ ထောက်ခံ

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ် လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ထောက်ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဇူလိုင်လ ၁၈ ရက်နေ့က မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ မှာ တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်တာကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက် ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။

အဲ့ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းပြည်ရဲ့ လက်ငင်းပြဿနာတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် အဖြေရှာနိုင်ဖို့ ဦးတည်သွား သင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"အရေးကြီးဆုံးပေါ့ဗျာ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးပဲဗျ၊ အဲ့ဒီ ၂ ချက်လုံးက ကျနော်တို့ အမြဲပြောတယ်၊ တစ်ခုချင်းခွဲထားလို့မရဘူး၊ တပါတည်းဖြေရှင်းရမယ်လို့ပြောတယ်၊ အဲ့ဒီ ၂ ချက်ကို မလွတ်သွားဘူးဆိုလို့ရှိရင် ဒီဆွေးနွေးပွဲဟာ တိုင်းပြည်ရဲ့လက်ငင်းပြဿနာကို အဖြေရှာတဲ့ဆွေးနွေးမှှု လုပ်ငန်းစဉ်တွေဖြစ်ပါတယ်"

ကြေညာချက်ထဲမှာ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တဲ့အထဲမှာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အင်အားစုတွေပါဝင်တယ်လို့ နားလည်ကြောင်းနဲ့ တိုင်းရင်းသားအင်အားစုတွေကိုလည်း တပါတည်း ထည့်သွင်းထားတဲ့အတွက် အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ပြည်သူတွေတောင်းဆိုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မျက်ခြေမပြတ် စောင့်ကြည့်သွားကြဖို့ လိုအပ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဒီနေ့ ဆုံးဖြတ်လိုက်တာကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက်ခံကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org