ဂန့်ဂေါမြို့နယ်မှာ တစ်နှစ်အတွင်း အရပ်သား ၃၂ ဦးသေဆုံး

ဂန့်ဂေါမြို့နယ်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ် အတွင်း အရပ်သား ၃၂ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့တစ်နေရာကို တွေ့ရစဉ် .

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာ သိမ်းပြီးချိန် ကနေ အခုနှစ် ဇန်နဝါရီလအထိ အချိန်တစ်နှစ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၃၂ ဦး ရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ ရက် မနေ့က ထုတ်ပြန် ပါတယ်။

အဲဒီအထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဟာ သေဆုံးသူ ၁၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့တဲ့လ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ မြင်သားရွာအဝင်က အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၁၈ ဦး နဲ့ နှမ်းခါးရွာကို စစ်တပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ချိန် သေဆုံးခဲ့ရတဲ့ ပြည်သူ ၉ ဦး လည်း ပါဝင်ပါတယ်။

တစ်နှစ်တာအတွင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၄၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သေဆုံးသူစာရင်းများထဲမှာ အသက် ၁၈ နှစ်အောက် ၁၄ ဦးထက်မနည်း ပါဝင်ပြီး မိုင်းစမ်းသပ်ရာမှာ မတော်တဆ ပေါက်ကွဲတာကြောင့် ၁၁ ဦးထက်မနည်းလည်း သေဆုံး ခဲ့ရတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org