ရဲ ၂ ဦးကို တရားခံပြေးက ဓါးနဲ့ထိုးသတ်

သန်လျင်မြို့မှာ တရားခံပြေးတစ်ယောက်က ဓါးနဲ့ပြန်လည်ခုခံတဲ့အတွက် သွားရောက် ဖမ်းဆီးသူ ရဲဝန်ထမ်း ၂ ဦး ဗုဒ္ဓဟူးနေ့ မနေ့က သေဆုံးသွားပါတယ်။

သန်လျင်မြို့မှာ တရားခံပြေးတစ်ယောက်က ဓါးနဲ့ပြန်လည်ခုခံတဲ့အတွက် သွားရောက်ဖမ်းဆီးသူ ရဲဝန်ထမ်း ၂ ဦး ဗုဒ္ဓဟူးနေ့ မနေ့က သေဆုံးသွားပါတယ်။

သေဆုံးသူတွေက သန်လျင်မြို့မရဲစခန်းက ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ဖြစ်ပြီး အောင်ချမ်းသာ ရပ်ကွက်က သဘာဝအလှ တည်းခိုရိပ်သာမှာရောက်ရှိနေတဲ့ တရားခံပြေး တင်မြင့်ဆိုသူကို မနေ့မနက်ပိုင်းက သွားရောက်ဖမ်းဆီးဖို့ကြိုးစားခဲ့ရာမှာ တရားခံက အရိုး ၅ လက်မ အသွား ၉ လက်မရှိတဲ့ ဓါးနဲ့ ပြန်လည် ခုခံတိုက်ခိုက်တဲ့အတွက် ရဲဝန်ထမ်း ၂ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာကနေ ထွက်ပြေးသွားတဲ့ တရားခံကို လိုက်လံဖမ်းဆီးမိပြီးနောက် ပုဒ်မ ၃ဝ၂ လူသတ်မှုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက အခု အမှုဖွင့်ထားတယ်လို့ ရဲအရာရှိတဦးကပြောပါတယ်။ အဲ့ဒီ တင်မြင့် ဆိုသူဟာ လုယက်မှု၊ ခိုးမှု၊ ရိုက်နှက်မှုတွေကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org