ရခိုင်ကော်မရှင် တရားမဝင်ဘူးလို့ (၁၁) ပါတီ ပူးပေါင်း ကြေညာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာင်း ကိုဖီအာနန် ဦးဆောာင်တဲ့ ရခိုင် အကြံပေးကော်မရှင်အဖွဲ့ဟာ တရားဝင်မှု မရှိဘူး လို့ ပြည်တောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါ အဝင် နိုင်ငံရေးပါတီ ၁၁ပါတီက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2016-09-16 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောာင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ တရားဝင်မှုမရှိဘူးလို့ ပြည်တောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၁ပါတီ က ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် ခြံအမှတ် ၁၃၂ဘီမှာ သီးသန့်တွေ့ဆုံခဲ့ကြတာ လည်းဖြစ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ က ပြောပါတယ်။
ကိုဖီအာနန်ဦးဆောာင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ကန့်ကွက်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းလည်း ကြေငြာချက်ထဲမှာပါရှိပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ တိုင်းရင်းသားတောင်းဆိုမှာနဲ့ သီးခြားနယ်မြေတစ်ခု တောင်းဆိုမှာကို ရခိုင်အကြံပေးကောမရှင် က လိုက်လျောလိုက်မှာကို စိုးရိမ်းကြောင်းလည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။
ကြံခိုင်ရေးပါတီက ဦးဆောင်ပြီး ကန်ကွက်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးရတာဟာ အမျိုးသားရေးအတွက် ဘုံရည်မှန်းချက်တူလို့ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့် ကပြောပါတယ်။
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ကန့်ကွက်တဲ့ ၁၁ ပါတီထဲမှာ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ ပါဝင်ပါတယ်။
ဒီကနေ့ အစည်းအဝေးကို ဒီမိုကရက်တစ်ပါတီမြန်မာနဲ့ SNDP ကျားဖြူပါတီကခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေ မယ့် ကြေညာချက်ကိုတော့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါဘူး။