မြောက်ပိုင်းသုံးဖွဲ့ရဲ့ အကြမ်းဖက်မှု ငြိမ်းချမ်းရေးကိုထိခိုက်နိုင်

သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ၂ဝ၁၉ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/RFA

သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org