ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ ထုတ်ပြန်
၂ဝ၁၈ ခုနှစ်အတွင်း မြို့နယ် ၅ဝ မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျော့နည်းသွားတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။
-
2019-04-02 -
-
-
ရန်ကုန်မြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS ပွဲ
၂ဝ၁၈ ခုနှစ်အတွင်း မြို့နယ် ၅ဝ မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျော့နည်းသွားတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ လျော့နည်းလာပေမယ့် တိုင်းရင်းသားအချင်းချင်းတိုက်ပွဲတွေ ပိုမို ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
RFA သတင်းထောက် မသက်စုအောင် စုစည်းတင်ပြထားပါတယ်။