မြောင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား လက်နက်ကိုင်ပဋိပက္ခ တစ်နေ့တခြား ကြီးထွားလာနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှု အရှိန်အမြင့်မားဆုံး ဒေသတစ်ခု ဖြစ်လာနေတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
- 2021-12-04
-
-
-
ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက… နိုင်ငံရေးပြဿနာကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းဖို့ တိုက်တွန်းနေတဲ့ ကြားကပဲ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား လက်နက်ကိုင်ပဋိပက္ခ တစ်နေ့တခြား ကြီးထွားလာနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှု အရှိန်အမြင့်မားဆုံး ဒေသတစ်ခု ဖြစ်လာနေတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ကတော့ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မခင်မိုးညိုက တင်ပြထားပါတယ်။