တပ်မတော်ကိုအသရေဖျက်မှု အယူခံ ပြင်ဆင်လျှောက်ထားချက် အမိန့်ချမှတ်
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရသူသုံးဦးရဲ့အမှုပြင်ဆင်လျှောက်ထားမှုကို ဒီကနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
-
2019-03-29 -
-
-
တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Elizabeth/ RFA
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရသူသုံးဦးရဲ့အမှုပြင်ဆင်လျှောက်ထားမှုကို ဒီကနေ့ အမိန့်ချမှတ်ရာမှာ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်ကို မူလ မြို့နယ်တရားရုံးရဲ့ အမိန့်အတိုင်းသာ အတည်ပြုခဲ့ပြီး၊ ဒေါ်နန်ပူကိုတော့ ကျန်းမာရေး အခြေအနေကြောင့် ထောင်ဒဏ် ၆ လအစား ၄ လအဖြစ် ပြည်နယ်တရားရုံးက ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တင်ပြထားပါတယ်။