ကပ်ရောဂါကို နေအိမ်မှာပဲ ရင်ဆိုင်အံတုခဲ့ကြသူများ
စစ်အာဏာသိမ်း ခြောက်လတာကာလအတွင်း တိုင်းပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေချိန်မှာ ပြည်သူတွေဟာ ကိုဗစ်ကုသရေး စင်တာတွေကို အားကိုးဖို့ထက် နေအိမ်တွေမှာပဲ ဗိုင်းရပ်စ်ရောဂါဆိုးကို အနိုင်တိုက်ထုတ်ဖို့ ကြိုးစားနေကြရပါတယ်။
- 2021-07-27
-
-
-
ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတဲ့ မြန်မာပြည်သူတွေဟာ လက်ရှိမှာ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ခါးစည်းခံနေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ခြောက်လတာကာလအတွင်း တိုင်းပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေချိန်မှာ ပြည်သူတွေဟာ ကိုဗစ်ကုသရေး စင်တာတွေကို အားကိုးဖို့ထက် နေအိမ်တွေမှာပဲ ဗိုင်းရပ်စ်ရောဂါဆိုးကို အနိုင်တိုက်ထုတ်ဖို့ ကြိုးစားနေကြရပါတယ်။
အိမ်မှာနေရင်း ကိုဗစ်ကို အနိုင်တိုက်နိုင်ခဲ့သူတချို့ အကြောင်းကို RFA သတင်းထောက် မဝေဝေလွင်က တင်ဆက်ထားပါတယ်။