PDF လူငယ်တွေကို စစ်ပညာသင်ပေးနေတဲ့ CDM တပ်ကြပ်ကြီး
၂၀၂၁ စစ်အာဏာသိမ်းကတည်းက ပြုလုပ်ခဲ့တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်တဲ့ လူဦးရေက အလွန့်အလွန် နည်းပါးခဲ့ပါတယ်။
- 2022-02-21
-
-
-
တောတွင်းတစ်နေရာမှာ လူငယ်များကို စစ်သင်တန်းပို့ချနေတာကို တွေ့ရစဉ်
Photo: CJ
၂၀၂၁ စစ်အာဏာသိမ်းကထဲက ပြုလုပ်ခဲ့တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေ အများအပြား ပါဝင်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကတော့ CDM မှာ ပါဝင်တဲ့ လူဦးရေက အလွန့်အလွန် နည်းပါးခဲ့ပါတယ်။ အဲဒီထဲမှာ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းက တပ်ကြပ်ကြီး အောင်မျိုးလည်း ပါဝင်ခဲ့ပါတယ်။ အခုတော့ တပ်ကြပ်ကြီးအောင်မျိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သင်တန်းဆရာအဖြစ် လူငယ်တွေကိုစစ်ပညာ မျှဝေသင်ကြားပေးနေပါတယ်။
အဲဒီအကြောင်းကို RFA ရဲ့ ပြင်ပဆောင်းပါးရှင် ခင်မိုးညိုက တင်ပြထားတာပါ။