မြောက်ပိုင်းအဖွဲ့တွေရဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးအတွက်ထိခိုက်တယ်လို့ NLD ပြော
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးခု တိုက်ခိုက်ခဲ့တာဟာ ငြိမ်းချမ်းရေးကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
-
2019-08-18 -
-
-
NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ၂ဝ၁၉ သြဂုတ် ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးခု တိုက်ခိုက်ခဲ့တာဟာ ငြိမ်းချမ်းရေးကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ်တို့ စုစည်းထားပြီး ကိုသီဟထွန်းက တင်ပြထားပါတယ်။