ကိုထင်ကျော်ကို ပုဒ်မ ၅ဝ၅(က) နဲ့ ရုံးထုတ်

တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

MDCF ခေါင်းဆောင် ကိုထင်ကျော် ကို အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ် Photo:Aung Thain Kha/RFA

တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ကိုထင်ကျော် ရုံးထုတ်မှာ MDCF အဖွဲ့ဝင်တွေက ကိုထင်ကျော် အမြန်ဆုံးလွတ်မြောက်ရေးအတွက် တရားရုံးရှေ့မှာ ငှက်လွှတ်ပြီး ဆုတောင်းခဲ့ကြသလို ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အစိုးရအပေါ် တပ်မတော်ရဲ့ ကြီးစိုးမှု လွတ်မြောက်ရေးနဲ့ မျှတတဲ့တရားစီရင်ရေးဖြစ်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ချိန် တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုပြု တရားစွဲတာဖြစ်တယ်လို့ တရားခွင်မှာ တရားသူကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ကိုထင်ကျော်က တရားစွဲဆိုထားတဲ့ အမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမှုပိတ်သိမ်းခိုင်းတဲ့အတွက် ကိုထင်ကျော်က တရားစီရင်ရေးမဏ္ဍိုင်နဲ့ တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org