အမေရိကန်ပြည်ထောင်စုရောက် ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ RFA မေးမြန်းချက်
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်တွင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးတွေလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေပါတယ်။
-
စောဖိုးခွါး (ဝါရှင်တန် ဒီစီ)
2023-09-21 -
-
-
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တွေ့ရစဉ်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်တွင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးတွေလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံ့ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိနေပါတယ်။
ဝန်ကြီးဒေါ်ဇင်မာအောင်ကို RFA သတင်းထောက် စောဖိုးခွါး မနေ့က နယူးယောက်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။