ပခုက္ကူမြို့က တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံကို ချိတ်ပိတ်

မကွေးတိုင်း၊ ပခုက္ကူမြို့က တရုတ်နိုင်ငံသားပိုင် Myanmar Fu Fung အထည်ချုပ်စက်ရုံကို အစိုးရက ချိတ်ပိတ်လိုက်ပါတယ်။ ဦးဟန်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့က တရုတ်နိုင်ငံသားပိုင် Myanmar Fu Fung အထည်ချုပ်စက်ရုံကို အစိုးရက ချိတ်ပိတ်လိုက်ပါတယ်။ စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေကို တလစာ လုပ်ခ မပေးဘဲ ထွက်ပြေးသွားတဲ့ အတွက် သြဂုတ်လ ၆ ရက်နေ့က ချိတ်ပိတ်ခဲ့တာပါ။ စက်ရုံမှာ ကျန်ရှိတဲ့ စက်ပစ္စည်းနဲ့ အထည်အလိပ်တွေကို ရောင်းချပြီး အလုပ်သမားတွေကို လစာချေပေးဖို့ စီစဉ်ထားတယ်လို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောပါတယ်။ ဦးဟန်ဇော်ဝင်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org