ကုလကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်ရရှိနိုင်တယ်လို့ အတွင်းဝန် ဦးကျော်စွာထွန်း ပြောကြား

ကုလသမဂ္ဂ Credential Committee ကိုယ်စားလှယ်ခန့်အပ်မှု စိစစ်ရေးကော်မတီက မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် သံအမတ်ကြီးအဖြစ် NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုမှာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမှာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ လစ်လပ်နေရာအဖြစ်ထားရှိမှာလားဆိုတာကို ဒီလအတွင်း ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။

NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ Photo: RFA

ကုလသမဂ္ဂ Credential Committee ကိုယ်စားလှယ်ခန့်အပ်မှု စိစစ်ရေးကော်မတီက မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် သံအမတ်ကြီးအဖြစ် NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုမှာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမှာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ လစ်လပ်နေရာအဖြစ် ထားရှိမှာလားဆိုတာကို ဒီလအတွင်း ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးကို စွန့်ခွာပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ တတိယအတွင်းဝန် ဦးကျော်စွာထွန်း ကတော့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိဖို့ အခွင့်အလမ်းများတယ်လို့ သုံးသပ်ပါတယ်။

ဦးကျော်စွာထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org