ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ Credential Committee က သဘောတူညီလိုက်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းအဝေးမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း ဆွေးနွေးတင်ပြခဲ့စဉ်။ Reuters

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ Credential Committee က သဘောတူညီလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ကော်မတီအစည်းအဝေးကနေ ဦးကျော်မိုးထွန်းကို နောက်ထပ်သက်တမ်းတစ်နှစ်ထားရှိဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org