ပဇီကြီးရွာတိုက်ခိုက်မှု လူ ၁၅ဝ ခန့်သေဆုံးဟု NUG ကိုယ်စားလှယ် ပြောကြား

ပဇီကြီးကျေးရွာကို စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၅ဝ ခန့်နဲ့ ဒဏ်ရာရသူ ၈ဝ ခန့်ရှိတယ်လို့ NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။

NUG အစိုးရ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်။ Citizen Journalist

ဧပြီလ ၁၁ ရက်နေ့မနက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ကျင်းပနေတဲ့ အခမ်းအနားတစ်ခုကို ကျေးရွာ ခြောက်ရွာက ဒေသခံရွာသားတွေ တက်ရောက်နေချိန်မှာ စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၅ဝ ခန့်နဲ့ ဒဏ်ရာရသူ ၈ဝ ခန့်ရှိတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေကို သတင်းကောက်ယူနေတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။

ဦးလင်းသန့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက်နေ့ညနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org