ထောင်အတွင်း သတင်းအမှောင်ချနေ့ရက်တွေ ဖြတ်ကျော်ခဲ့ရတယ်လို့ ဦးထင်လင်းဦးပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ထံက ဘယ်လိုထောက်ပံ့မှုတွေရခဲ့လဲ ဆိုတဲ့ မေးမြန်းချက်တွေအပါအဝင် စစ်ကြောရေးမှာ နေ့မအိပ်ညမအိပ်ရ သတိလစ်တဲ့အထိ မေးမြန်းစစ်ဆေးမှုတွေခံခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-01-04 -
-
-
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံရပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရတဲ့ စာရေးဆရာ ဦးထင်လင်းဦးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွတ်လာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ထံက ဘယ်လိုထောက်ပံ့မှုတွေရခဲ့လဲ ဘာတွေပူးပေါင်းလုပ်ဆောင်ခဲ့တာရှိလဲဆိုတဲ့ မေးမြန်းချက်တွေအပါအဝင် စစ်ကြောရေးမှာ နေ့မအိပ်ညမအိပ်ရ သတိလစ်တဲ့အထိမေးမြန်းစစ်ဆေးမှုတွေခံခဲ့ရတယ်လို့ စစ်ကြောရေးအတွေ့အကြုံတွေကိုပြောပြပါတယ်။
အကျဉ်းထောင်အတွင်း စစ်ကောင်စီလက်အောက်ခံ မြဝတီ၊ မြန်မာ့အသံ၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းတွေကိုသာ ကြည့်ရှုခွင့်ရခဲ့ပြီး ပြင်ပအခြေအနေတွေကို လုံးဝသိခွင့်မရှိခဲ့တာကြောင့် PDF နဲ့ NUG လို အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာတာကို မသိခဲ့ဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းကြည်ဟာ စစ်တပ်က လွှတ်ပေးမှ လွတ်ရမယ့်သူမဟုတ်ဘဲ လွတ်မြောက်နေရမယ့်သူ၊ သူ့နေရာမှာသူရှိနေရမယ့်သူလို့ အဂတိလိုက်စားမှုပုဒ်မတွေနဲ့ စွပ်စွဲပြီး မတရားထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။
စာရေးဆရာ ဦးထင်လင်းဦးကို “RFA နှင့်စကားပြောခြင်း”အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။