သမ္မတဦးဝင်းမြင့်နဲ့ ရှမ်းပြည်နယ်အစိုးရတွေ့ဆုံခြင်း

ဝန်ထမ်းတွေ အဂတိလိုက်စားမှု ကင်းရှင်းဖို့၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မူလတောင်သူတွေ လက်ထဲ အမြန်ဆုံး ရောက်ရှိနိုင်ဖို့၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ညွှန်ကြားလိုက်ပါတယ်။

ဝန်ထမ်းတွေ အဂတိလိုက်စားမှု ကင်းရှင်းဖို့၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မူလ တောင်သူတွေလက်ထဲ အမြန်ဆုံး ရောက်ရှိနိုင်ဖို့၊ မူးယစ်ဆေးဝါးပြဿနာကို ကြပ်မတ်ဆောင်ရွက်ဖို့၊ စီမံကိန်းတွေ ဖော်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို ထိခိုက်မှုမရှိစေဖို့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်အစိုးရအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံရာမှာ ညွှန်ကြားလိုက်ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org