NUG အစိုးရက ငွေတိုက်စာချုပ် ဒေါ်လာသန်း ၁ဝဝဝ ဖိုး ရောင်းချမည်
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် ငွေတိုက်စာချုပ် (Bond) လေးမျိုးကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုးထိ NUG အစိုးရက ထုတ်ရောင်းဖို့ပြင်ဆင်နေပါပြီ။
- 2021-10-19
-
-
-
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချမယ့် ငွေတိုက်စာချုပ် (Bond) နမူနာတွေကို တွေ့ရစဥ်
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် ငွေတိုက်စာချုပ် (Bond) လေးမျိုးကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုးထိ NUG အစိုးရက ထုတ်ရောင်းဖို့ပြင်ဆင်နေ ပါပြီ။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ရောင်းချဖို့ စက်တင်ဘာလ ၁၉ ရက်နေ့ကကျင်းပတဲ့ NUG အစိုးရဝန်ကြီးများ အစည်းအဝေးကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဒီလမကုန်ခင်ထုတ်ဝေမယ့် အဲဒီ ငွေတိုက်စာချုပ်တွေအကြောင်းနဲ့ ပတ်သက်လို့ NUG အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။