ဗိုလ်နဂါးကို COC မှာပူးပေါင်းပါဝင်ဖို့ အဓိကပြောဆိုခဲ့ဟု NUG ထုတ်ပြန်

NUG သမ္မတ ဒူဝါလရှီလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ဗိုလ်နဂါးနဲ့ အွန်လိုင်းဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NUG သမ္မတရုံးက ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

RFA အဖွဲ့သား ဦးခင်မောင်စိုး (ဝဲဘက်) နှင့် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ ဆက်သွယ်မေးမြန်းကြစဉ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အွန်လိုင်းက ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NUG အစိုးရ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် အမိန့်ပေးစနစ် တစ်ခုတည်း အောက်မှာ အတူတကွ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို အဓိက ပြောဆိုခဲ့ကြကြောင်း၊ ဗိုလ်နဂါးအနေနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းမယ့်ကိစ္စကို အဲဒီပွဲမှာ တစ်စုံတစ်ရာ တင်ပြပြောဆိုခဲ့ခြင်း မရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

ဦးကျော်ဇော်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org