ဝင်ငွေမြင့်မားသူတွေထံက အခွန်ငွေကောက်ခံမယ့် ဥပဒေ CRPH ပြဌာန်း

မြန်မာနိုင်ငံတွင်းရှိ ဝင်ငွေမြင့်မားသူတွေထံကနေ အခွန်ငွေ ကောက်ခံတဲ့အနေနဲ့ ၂ဝ၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က စက်တင်ဘာလ ၂ဝ ရက် ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကို တွေ့ရစဉ် -

မြန်မာနိုင်ငံတွင်းရှိ ဝင်ငွေမြင့်မားသူတွေထံကနေ အခွန်ငွေ ကောက်ခံတဲ့အနေနဲ့ ၂ဝ၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က စက်တင်ဘာလ ၂ဝ ရက် ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီဥပဒေပြဌာန်းမှုဟာ နွေဦးတော်လှန်ရေးမှာ ချမ်းသာကြွယ်ဝသူတွေ ဘယ်လို ကူညီခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်မှာဖြစ်ပြီး ကူညီပေးဆောင်ခဲ့သူတွေကို ဒီမိုကရေစီအစိုးရ ပြန်လည် အာဏာရရှိတဲ့အခါ သင့်တော်သလို ဂုဏ်ပြုမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီဥပဒေအရ လာမယ့် အောက်တိုဘာလ ၁ ရက်ကနေ နောက်နှစ် စက်တင်ဘာလ ၃ဝ ရက်နေ့အတွင်း အခွန်ငွေအဖြစ် ကျပ်ငွေ ဘီလီယံ ၁၄ဝဝ ကျော် ရရှိမယ်လို့ ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

ဝန်ကြီး ဦးတင်ထွန်းနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်း ထားပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org