၂၀၂၃ ရွေးကောက်ပွဲကို လက်မခံဘူးလို့ နော်ဝေနိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အမတ်တွေ NUG ကိုအသိပေး
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို နော်ဝေဘက်က အသိအမှတ်မပြုကြောင်း၊ နော်ဝေမှာရှိတဲ့ ပါတီပေါင်းစုံက NUG ကို တရားဝင်အစိုးရလို သတ်မှတ်ထားကြောင်းပြောဆိုခဲ့ကြတယ်လို့ ပြောပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022-11-23 -
-
-
နော်ဝေနိုင်ငံရေးပါတီတွေ၊ ပါလီမန်အမတ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က အွန်လိုင်းကနေ တဆင့်တွေ့ဆုံခဲ့ကြပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို နော်ဝေဘက်က အသိအမှတ်မပြုကြောင်း၊ နော်ဝေမှာရှိတဲ့ ပါတီပေါင်းစုံက NUG ကို တရားဝင်အစိုးရလို သတ်မှတ်ထားကြောင်းပြောဆိုခဲ့ကြတယ်လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် နော်ဝေအစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုဖို့ NUG ဘက်က တိုက်တွန်းခဲ့ပြီး လူသားချင်းဆိုင်ရာအကူအညီအထောက်အပံ့တွေကို လက်တွေ့ကျကျ ပေးနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
NUG ဝန်ကြီး ဦးအောင်မျိုးမင်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။