နိုင်ငံတကာအရေးမယူရင် အကြမ်းဖက်မှုမျိုးစုံ စစ်တပ်ကျူးလွန်နေမှာပဲလို့ NUG ပြော

နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC၊ ICJ တို့မှာ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်မချင်း စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှာပဲလို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

စစ်ကောင်စီက လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတာကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC၊  ICJ တို့မှာ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်မချင်း စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းတိုးပြီး အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှာပဲလို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွေဟာ မြန်မာ၊ ထိုင်းအစရှိတဲ့ အာဏာရှင်အုပ်စိုးတဲ့နိုင်ငံတွေမှာ ဖြစ်လာမယ်ဆိုရင် တော်လှန်ရေးလှုပ်ရှားမှုတွေဟာလည်း အာရှဒေသတွင်းလှုပ်ရှားမှုအဆင့်အထိ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org