MNDAA နဲ့ စစ်ကောင်စီယာယီအပစ်ရပ်စဲမှု တခြားအဖွဲ့တွေမပါဝင်ဟု နိုင်ငံရေးလေ့လာသူပြော

အဲဒီဆွေးနွေးပွဲမှာ MNDAA နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူခဲ့တယ်ဆိုတာမှန်ကန်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

RFA

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အဲဒီဆွေးနွေးပွဲမှာ MNDAA နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူခဲ့တယ်ဆိုတာမှန်ကြောင်း၊ ဒါပေမဲ့ ဒါဟာလောက်ကိုင်ကိစ္စအတွက် ၁၅ ရက်ကြာရပ်စဲရေးသာဖြစ်ပြီး အဲဒီ ရပ်စစဲတဲ့ကာလဟာလည်း တခြားညီနောင်သုံးဖွဲ့ဝင်တွေဖြစ်ကြတဲ့ TNLA နဲ့ AAအဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ သူသိရှိရကြောင်းပြောပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ အဲဒီဒေသရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

အခုလို စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ သဘောထားထုတ်ပြန်ချက်ကို အခုသတင်းတင်ဆက်ချိန်အထိ မသိရသေးသလို ဦးသန်းစိုးနိုင် ပြောကြားရာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီးလည်း RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org