အမျိုးသမီးအရေး လှုပ်ရှားသူ မမေစပယ်ဖြူနှင့် ဆက်သွယ်မေးမြန်းချက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေ မလုံခြုံမှုနဲ့ ဆင်းရဲမွဲတေမှုတွေ ကြုံနေရတဲ့အကြောင်း အမျိုးသမီးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။
-
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024-03-20 -
-
-
အမျိုးသမီးအရေး လှုပ်ရှားသူ မမေစပယ်ဖြူနှင့် ဆက်သွယ်မေးမြန်းချက်
Photo: RFA
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေ မလုံခြုံမှုနဲ့ ဆင်းရဲမွဲတေမှုတွေ ကြုံနေရတဲ့အကြောင်း အမျိုးသမီးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ (၆၈) ကြိမ်မြောက် အမျိုးသမီးတွေအခြေအနေဆိုင်ရာ ကုလသမဂ္ဂကော်မရှင်အစည်းအဝေး ကျင်းပနေတာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို တက်ရောက်ဆွေးနွေးသူတွေထဲက အမျိုးသမီးအရေးလှုပ်ရှားသူ မမေစပယ်ဖြူကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။