စစ်ကောင်စီက အငြိုးအတေးနဲ့ တိုက်ခိုက်နေကြောင်း KNU ပြော
အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားထိန်းချုပ်ရာနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-02-10 -
-
-
အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားထိန်းချုပ်ရာ နယ်မြေတွေမှာ တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲ ၅၆၃၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ပြီး ကျန်တဲ့ တပ်မဟာ (၁) နယ်မြေမှာ တိုက်ပွဲ ၈၀၁ ကြိမ်၊ တပ်မဟာ (၂) နယ်မြေမှာ တိုက်ပွဲ ၂၇၇ ကြိမ်၊ တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲ ၅၂၅ ကြိမ်၊ တပ်မဟာ (၄) နယ်မြေမှာ တိုက်ပွဲ ၁၃၁ ကြိမ်နဲ့ တပ်မဟာ (၆) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၆၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ပွဲအကြိမ်ရေများနေတာဟာ စစ်ကောင်စီက အငြိုးအတေးနဲ့ ထိုးစစ်ဆင်နေတာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မရှိသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။