စစ်အာဏာရှင် ကျရှုံးစေချင်တယ်လို့ ပစ်ခတ်သတ်ဖြတ်ခံရသူရဲ့ ဇနီးသည်ပြော
အသက် ၃၁ နှစ်အရွယ် ကိုကောင်းမြတ်ဟိန်းဟာ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားပြီး ၁၆ ရက်နေ့မှာ မိသားစုက သင်္ဂြိုဟ်လိုက်ပါတယ်။
- 2021-03-17
-
-
-
ကိုကောင်းမြတ်ဟိန်းရဲ့ဇနီးနဲ့ သမီးနှစ်ယောက်
-
မတ်လ ၁၃ ရက် စနေနေ့က မန္တလေးမြို့ စိန်ပန်းရပ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြရင်း စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်လို့ ဒဏ်ရာရတဲ့သူ ဆယ်ဂဏန်းနဲ့ ချီခဲ့ပါတယ်။ အဲဒီထဲက အသက် ၃၁ နှစ်အရွယ် ကိုကောင်းမြတ်ဟိန်းဟာ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားပြီး ၁၆ ရက်နေ့မှာ မိသားစုက သင်္ဂြိုဟ်လိုက်ပါတယ်။ သူမှာဇနီးသည်နဲ့ အရွယ်မရောက်သေးတဲ့ သမီးနှစ်ယောက်ကျန်ခဲ့ပါတယ်။
ကိုကောင်းမြတ်ဟိန်းရဲ့ဇနီး မငြိမ်းငြိမ်းသန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။