ကရင်နီပြည်နယ်က လေကြောင်းတိုက်ခိုက်မှုများ

ထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့ ဒေါနိုးကူးဒုက္ခသည်စခန်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေးကြိမ်ဗုံးကြဲခဲ့ပါတယ်။

ဒေါနိုးကူးဒုက္ခသည်စခန်းအား စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထွက်ပြေးရသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ဇူလိုင်လ ၁၂ရက် ဒီကနေ့မနက်အစောပိုင်းက ထိုင်း၊ မြန်မာနယ်စပ်မှာရှိနေတဲ့ ဒုက္ခသည် လေးထောင်ကျော် နေထိုင်တဲ့ ဒေါနိုးကူးဒုက္ခသည်စခန်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေးကြိမ်ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဆေးခန်းတွေပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးသလို နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ တစ်ချိန်တည်းမှာပဲ ကရင်နီပြည်နယ်အတွင်း တခြားလေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့သလို မြေပြင်ကတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ကရင်နီတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကို ဦးတင်အောင်ခိုင်က ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org