ပဇီကြီးရွာတိုက်ခိုက်ခံရမှု ကလေးငယ်အနည်းဆုံး ၂ဝ ကျော် သေဆုံး

သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက်ကလေး ငါးဦးနဲ့ ၁၈ နှစ်အောက်ကလေး ၁၇ ဦး ပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက်ကလေး ငါးဦးနဲ့ ၁၈ နှစ်အောက်ကလေး ၁၇ ဦး ပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

ရုပ်အလောင်းတွေ စိစစ်ကောက်ယူနေဆဲမို့ သေဆုံးကလေး အရေအတွက် ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့လည်းဆိုပါတယ်။

သေဆုံးသူ ၅၆ ယောက်ကို စာရင်းနဲ့တကွ အလောင်းကောက်ထားနိုင်ပြီ ဖြစ်ပြီး အလောင်းမကောက်နိုင်သေးတဲ့သူတွေ ကျန်သေးတာမို့ စုစုပေါင်း အယောက် ၁ဝဝ ကျော် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org