“အနာဂတ်မှာ တို့ဘယ်လိုအသက်ရှင်နိုင်မလဲ” အစီရင်ခံစာအကြောင်းမေးမြန်းချက်

စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ဖိနှိပ်ရက်စက်တာတွေကိုပြုစုထားတဲ့ “အနာဂတ်မှာ တို့ ဘယ်လိုအသက်ရှင်နိုင်မလဲ” အစီရင်ခံစာတစ်စောင်ကို ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်များကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင် တွေ့ရစဉ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ဖိနှိပ်ရက်စက်တာ တွေကိုပြုစုထားတဲ့ “အနာဂတ်မှာ တို့ဘယ်လိုအသက်ရှင်နိုင်မလဲ” အစီရင်ခံစာတစ်စောင်ကို ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာထဲမှာ ပြည်နယ်လူဦးရေရဲ့ တစ်ဝက်နီးပါးဖြစ်တဲ့ လူတစ်သိန်းရှစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးရတဲ့အကြောင်း၊ ရွာပေါင်း ၈၇ ရွာက နေအိမ်တစ်ထောင့်နှစ်ရာနီးပါး ဖျက်ဆီးခံခဲ့ရတဲ့ အကြောင်းနဲ့ အရပ်သား ၂၆၀ လောက်ဖမ်းဆီးခံခဲ့ရပြီး ၁၁၅ ဦးဟာ ဖမ်းဆီးခံထားရချိန်မှာ အသတ်ခံ ရတဲ့အကြောင်းတွေထည့်သွင်းဖော်ပြထားပါတယ်။

ဒီအကြောင်းတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကိုတင်ပြဖို့ ကရင်နီအရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွက်မှုအဖွဲ့က နဲနယ်ပလိုးဟာ ကိုယ်စားလှယ်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကိုရောက်နေပါတယ်။

ကရင်နီတိုင်းရင်းသားတွေရဲ့အခြေအနေနဲ့ ပတ်သက်လို့ နဲနယ်ပလိုးကို "RFA နှင့်စကားပြောခြင်း" အစီအစဉ်ကနေ မဝေမာထွန်း တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org