စစ်ကောင်စီက လက်ရှိအခြေအနေတွေကို အသုံးချဖို့ ကြိုးစားနေဟု ဦးမင်းကိုနိုင် ပြော

ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ CRPH/NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာဟာ လုံးဝ မဟုတ်မမှန်ပါဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က RFA ကို ပြောပါတယ်။

NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ ပါဝင်ဦးဆောင်နေသူတစ်ဦးဖြစ်သေ် ဦးမင်းကိုနိုင်။ Photo: AFP

ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ CRPH/NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာဟာ လုံးဝ မဟုတ်မမှန်ပါဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက NLD ပါတီ တည်ရှိမှုကို ထည့်သွင်းပြောဆိုနေတာဟာ လိုအပ်သလို အသုံးချဖို့ ကြိုးစားနေတာဖြစ်တယ်။ တကယ်လို့ NLD ပါတီဝင်တချို့က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း အဲဒါဟာ ကြမ်းတမ်းစွာ ဆက်ဆံခံရတဲ့ အခြေအနေတစ်ရပ်မှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု လွင့်စင်ပဲ့ထွက်တာမျိုးသာ ဖြစ်လိမ့်မယ်လို့ သူကပြောပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတချို့နဲ့ ပတ်သက်ပြီး ဦးမင်းကိုနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org