ရွေးကောက်ပွဲဝင်သူတွေ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းသူတွေ ဖြစ်သွားမယ်လို့ CRPH ပြော

၂ဝ၂၃ မှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေဟာ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားတာဟာ ပါတီတစ်ခု ဒါမှမဟုတ် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အာဏာပြန်လည်ရရှိရေးအတွက်မဟုတ်ဘဲ ပြည်သူတွေရဲ့ မဲကိုအလေးထားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်တာလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။

၂၀၂၃ မှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေဟာ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

အခု ဇန်နဝါရီလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအမတ်တွေ၊ မိသားစုဝင်တွေနဲ့ အမာခံပါတီဝင်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတဲ့ အခြေအနေတွေအပါအဝင် ဒီလကုန်ပိုင်းမှာ CRPH က လွှတ်တော်ခေါ်ယူဖို့ရှိတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးစည်သူမောင်ကို RFA နှင့်စကားပြောခြင်းအစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org