စစ်အာဏာရှင်အမြစ်ဖြုတ်ရေး အားလုံးပါဝင်သင့်ပြီလို့ ဒေါက်တာမီမီဝင်းဘတ် ပြော

တော်လှန်ရေးမှာ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

ဒေါက်တာမီမီဝင်းဘတ်နှင့် RFA မေးမြန်းခန်း

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက လူထုစုဝေးပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ရာနဲ့ချီ အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ အလွန်ဝမ်းနည်းကြေကွဲစရာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အမေရိကန်စစ်တပ်က အငြိမ်းစား ဒု-ဗိုလ်မှူးကြီးဖြစ်သူ လက်ရှိ ဟာဝိုင်ယီပြည်နယ် အာရှ- ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် က ပြောလိုက်ပါတယ်။

တော်လှန်ရေးမှာ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒေါ်မီမီဝင်းဘတ်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org